Pro Clicker - VIP Club
"Pro Clicker လက်စွဲကျမ်း"
Pro Clicker - VIP Club
"Pro Clicker လက်စွဲကျမ်း"
"Pro Clicker လက်စွဲကျမ်း" Apple iPhone Users"
ပန်းသီး ကြွက်ကိုက်တွေမှာ မေ့ဆေး ဘယ်လို ပေးမလဲ?
1. Settings
2. Privacy & Security
3. Tracking
4. Allow Apps to request to Track ကို ပိတ်ပါ။ ပြီးရင် ချက်ချင်း ပြန်ဖွင့်ပါ။
အဲတာဆိုမေ့ဆေးပေးတာပါပဲ။ ဒီနည်းက app တိုင်းအတွက် ဂူဂူကို မေ့ဆေးပေးရာရောက်ပါတယ်။ မေ့ဆေးပေးဖို့ လိုလာတိုင်း ဒီပုံစံ အတိုင်း နောက်တစ်ကြိမ် ထပ်ထပ် လုပ်သွားရုံပါ။
မှတ်ချက်။ အောက်မှာ app တစ်ခု ချည်းစီ လဲ အဖွင့် အပိတ် လုပ်လို့ ရတယ်။ ကလစ် app တွေကို (ON) ဖွင့်ထား ပေးပါ။
"Pro Clicker လက်စွဲကျမ်း" Android Users"
အပိုင်း - ၁
>
https://www.facebook.com/100083420077348/posts/162660996524569/?mibextid=cr9u03
အပိုင်း - ၂
>
https://www.facebook.com/100083420077348/posts/163455486445120/?mibextid=cr9u03
အပိုင်း - ၃
> https://www.facebook.com/100083420077348/posts/164162806374388/?mibextid=cr9u03
အပိုင်း - ၄
> https://www.facebook.com/100083420077348/posts/176168308507171/?mibextid=cr9u03
PRO ကလစ်ကာ လက်စွဲကျမ်း
အခန်း- ၁၊ app တစ်ခုရဲ့ သုံးစွဲသူ 99% ကြော်ငြာမရခြင်း
a) . App ကို ဂူဂူက Ad limit လုပ်ထားခြင်း
ဘာကြောင့် ? App သုံးစွဲသူ ဦးရေ နှင့် ကြော်ငြာ ပြသ မှု အကြိမ် မမျှတခြင်း ။ ဥပမာ တစ်နေ့ လူ 10 ယောက်ပဲရှိတဲ့ app မှာ ကြော်ငြာ ငါးရာ တစ်ထောင်သွားကြည့်ရင် ad limit လုပ်ခံရမှာပါ။ လူတစ်သိန်း ရှိတဲ့ app ကို ကိုယ်က တမင် မနာလိုလိူ့ ပျက်အောင် လူ ၁o ယောက် ငှါးပြီး နေ့ညတစ်ချိန်လုံး ကြော်ငြာ ထိုင်ကြည့်ခိုင်းလဲ ad limit မထိပါဖူး။ လူငါးယောက်ပဲ ရှိတယ်၊ ကြော်ငြာကြည့်တာကလဲ နည်းနည်းလေး ဆိုရင် လဲ ad limit မထိပါဘူး။
ကလစ်ကာမှ ဘာလုပ်လို့ရ?
နေ့စဉ် ဝင်ပေးနေရင် ad limit ကြောင့် ကြော်ငြာ ပြသမှု နည်းခြင်းကြောင့် လူဝင်နှုန်း ပြန်မျှ သွားရင် ad limit ပျောက်သွားမှာပါ။ ကြော်ငြာ ကြည့်နှုန်း ကျပေမယ့် နေ့စဉ်ဝင်တာလဲ လိုက်ကျနေပြီး တစ်ချို့က မရမက ကြော်ငြာ လိုက်ကြည့်နေရင် ပိုကြာသွားမှာပါ။
b). App တီထွင်သူ developer အကောင့် ပေါ်လစီညိနေခြင်း
ကလစ်ကာမှ ဘာလုပ်လို့ရ? ဘာမှ လုပ်မရပါဖူး။ developer ဘက်က policy ကိုက်အောင် ပြန်လုပ် လို့ ရနိုင်သေးလား ပေါ်မူတည်ပါတယ်။ နေ့စဉ်ဝင်ပေးလဲ မထူးတော့ပါဖူး။
အခန်း-၂ မိမိ တစ်ယောက်တည်း ကွက်မရ၊ app တိုင်းလိုလိုမှာ ကိုယ်သာ မရ
a) ဖုန်း storage ပြည့်နေခြင်း
b) ဖုန်း ဘက်ထရီ ကုန်ခါနီး နေခြင်း
င) မိမိ၏ အင်တာနက် အရမ်း နှေးနေခြင်း
d) ad blocker software ကိုသွင်းထား မိခြင်း
ဘာကြောင့်? ကိုယ်က မရည်ရွယ်ပေမယ့် တစ်ချို့ software တွေ ကြော်ငြာ မတက်စေတဲ့ feature ပါပြီး ကိုယ်မသိပဲ အလုပ်လုပ် နေတတ်ပါတယ်။ vpn တစ်ချို့မှာ / anti virus တစ်ချို့ မှာလဲ ပါနေတတ်ပါတယ်။
e) private dns ကို ဖုန်း setting မှာ on ထားမိခြင်း
အခန်း-၃ မိမိ ကြော်ငြာရသော်လဲ ခက်ခဲနေခြင်း
a) low power mode ကို ဖွင့်ထား မိခြင်း
ဘာကြောင့်?
Low power mode မှာ background ဒေါင်းလုပ် နှေးအောင် လုပ်ထားပါတယ်။
b) vpn က အရမ်ဝေးသော နိုင်ငံ ကို ချိတ်ပေး သောအခါ လိုင်းကျခြင်း
ဘာလုပ်လို့ရ?
ကိုယ် နဲ့ နီးတဲ့ နိုင်ငံ တွေ နဲ့ လိုက်ချိတ် ပြီး စမ်းရမှာပါ။ ပြီးတော့ ပိုကောင်း တဲ့ vpn ကို ရရင် လဲ ပြေလည် တတ်ပါတယ်။
င) ဖုန်း OS ဗားရှင်း အရမ်း နိမ့်နေခြင်း
d) developer မှ ကြော်ငြာ အကြည့် မလွန် အောင် ထိမ်းသိမ်း ပေးထားခြင်း
ဘာလုပ်လို့ရ ?
ခဏ နားလိုက်ပါ။
e) google က မိမိ ad id နှင့် ကြော်ငြာကြည့်တာ များလာတာကို သိရှိနေခြင်း၊
ဘာလုပ်လို့ရ?
အပိုင်း-2 နဲ့ 3 ကို ရှာဖတ်ပါ။
Pro ကလစ်ကာ လက်စွဲကျမ်း (အတွဲ-၂)
ကြော်ငြာပေးစနစ်ကိုယ်ပိုင်အမှတ် (Advertising ID)
- - - - - - - - - - - - -
ဒီ ad id ကိုဟာ ဖုန်းသုံးတဲ့ သူတွေကို ဘယ်ကြော်ငြာ ပြသင့်တယ်။ ဘယ်ကြော်ငြာတွေ ပြပြီးပြီလဲ စောင့်ကြည့်မှတ်သားတဲ့ နေရာ မှာ သုံးပါတယ်။
သူ့က ရာဇဝင် နဲ့ ချီပြောရမှာ။ ကြော်ငြာဘုရင် google က လူလည်ကြီး။ လူတစ်ယောက် ဘာဝယ်နိုင်ခြေရှိလဲ နည်းပညာမျိုးစုံသုံး အမြဲစောင့်ကြည့်နေတာ။ ကိုယ်က ဒီပစ္စည်းလေး လိုချင်လိုက်တာ ရှာမိရင်၊ အဲဒီလို ကြော်ငြာတွေ အသေပြကော။ ဒီ ခရီးလေး သွားမယ် စိတ်ကူးရင် အဲ့ဒေသက hotel တွေလာပြကော။ ဒါအလွယ်ပြောတာ သူသိနေတာ အများကြီး။
ဒါက အသုံးဝင်သလို ရှိပေမယ့်၊ လူတော်တော်များများ က မနှစ်မျို့ဘူး။ ကိုယ့်ကို အမြဲစောင့်ကြည့်နေတာ စိတ်မလုံသလို ခံစားရတယ်။
အဲဒီ မှာ လွန်ခဲ့တဲ့ နှစ်တွေအတွင်း လူတွေ ကန့်ကွက် လို့ တရားရုံးတွေ အထိရောက်၊ လွှတ်တော်တွေ အထိရောက် ဖြစ်လာတယ်။
အဲဒီ ကိစ္စ ကို ကိုင်တွယ်ဖို့ စည်းမျည်း အသစ်တွေ၊ ဖုန်း OS update တွေ ထုတ်ကြတယ်။
Apple ကတော့ ရှင်းတယ် သူက ကြော်ငြာ က ဝင်ငွေထက် ဖုန်းရောင်းရတာပဲ လိုချင်တာ။ iOS-13 က စပြီး ကြော်ငြာ company တွေ ad id သုံးတာကို ကန့်သတ်လိုက်တယ်။
Ad id သုံးဖို့ကို ဖုန်းသုံးတဲ့ သူကို အသိပေးရတယ်။ သူ့ကို ကြော်ငြာ ကိစ္စ နောက်ယောင်ခံပြီး လိုက်ဖက်တဲ့ ကြော်ငြာ ပြဖို့ဆို ဖုန်းသုံးသူ က သဘောတူပေးမှ ရတယ်။ အဲတာတင်မက app တစ်ခု ကနေ နောက် app တစ်ခုထိ သုံးစွဲသူ အချက်အလက်တွေ မပြန့်အောင် ad id ကို app တစ်ခုကို တစ်မျိုးပေးတယ်။ ( Google က ခုထိ အဲလို မဟုတ်၊ သူ့အကြောင်း နောက်မှလာမယ်)။ app ကိုဖျက်ပြီး ပြန်သွင်းရင်လဲ နောက် ad id ဖြစ်အောင်လုပ်လိုက်တယ်။ အဲဒီတော့ ကြော်ငြာ company တွေအတွက် လူတစ်ယောက်တည်းဆိုတာ မသိတော့ဖူး။ သူနဲ့ ဆိုင်တာတွေလဲ မှတ်တာ နောက်ယောင်ခံရတာ မလွယ်တော့ဘူး။
ကြော်ငြာ ဘုရင်ကြီး က ဒီစည်းမျဉ်းတွေ မကြိုက်ဖူး။ အဲတော့ သူထွင်တဲ့ အန်းဒရိုက် မှာ အာပတ်လွတ် စည်းမျဉ်း တွေနဲ့ ရှောင်တယ်။ ad id သုံးပြီး နောက်ယောင်ခံတာ ကို မကြိုက်ရင် ပိတ်/off လို့ရတယ် ဆိုပြီး မူရင်းကတော့ on ထားတယ်။ ad id ကလဲ ဖုန်းတစ်လုံးလုံးက ရှိသမျှ app တိုင်း ad id တူတူပဲ။ ဆိုလို ချင်တာက c2d မှာကော pဒီf ဂိမ်း နှစ်ခု လုံး ဖုန်းတစ်လုံးနဲ့ ကလစ်နေတယ် ဆိုရင် ဂူဂူ က သိတယ်။ အိုင်ဖုန်းမှာ ဆို app တစ်ခု ad id တစ်ခုမို့ မသိနိုင်ဖူး။
အန်းဒရိုက်မှာ လူတစ်ယောက် ဘယ်ကြော်ငြာတွေ ပြပြီးပြီ လဲသူသိတယ်။ ဘာ app တွေမှာ ဘာတွေလုပ်တယ် သူသိတယ်။
ဒါပေမယ့် အဲဒီ လိုသူမှတ်ထားတာကို မကြိုက်ရင် သုံးစွဲသူကဖျက်လို့ ရပါတယ် ဆိုတဲ့ သဘောမျိုး အန်းဒရိုက်-၁၂ ကစပြီး ထင်တယ် အာပတ်လွတ် ဖျက်ခွင့်ထည့်ပေးထားတယ်။ ဒါက သူ့တရားစွဲမရ အောင် ကာကွယ်တဲ့ သဘောပဲ။ လူတိုင်းက အဲလိုဖျက်လို့ရတာ သိတောင်မသိဖူး။ မူရင်း ဆက်တင်း က သူက နောက်ယောင်ခံနေတုန်းပဲ။
Google ကို default ပေးထားတဲ့ permission တွေလဲသူက အသုံးချတယ်။ ဥပမာ gps location နဲ့ ဖုန်းသုံးသူရဲ့ နေရာ အစစ် (vpn သုံးလဲ မရ) ကို သိနိုင်နေတယ်၊ ဒါကို တကယ် အသုံးချ မချတော့ မင်မင် တပ်အပ် မပြောနိုင်ဖူး။ ကြော်ငြာအတွက် တော့ gps ကိူ သုံးပြီး နောက်ယောင်ခံ ရင် တရားအစွဲခံရမှာ အသေအချာပဲ။ တိုက်ရိုက် မဟုတ်ပဲ historical data ဆိုပြီး မှတ်တော့ထားတာ သိတယ်။
ဒါလောက်ဆို နားလည်သင့် သလောက် နားလည်မယ်ထင်တယ်။
အဲတော့ pro ကလစ်ကာ တွေက ဒီ အသိပညာ ကို ဘယ်လို အသုံးချ မလဲ?
အိုင်ဖုန်း ဆို လွယ်တယ် uninstall နဲ့ ဖျက်ပြီး ပြန်သွင်းလိုက်။ (game id ပျောက်သွားနိုင်တာမို့ ဂိမ်းကိုယ်ပိုင် နံပါတ်တော့ မှတ်ထားသင့်တယ်)
အန်းဒရိုက်ဆိုရင် ad id ကို ဖျက်တဲ့နေရာ ရှာဖျက်၊ ဖုန်း os ပေါ်မူတည်ပြီး လုပ်ပုံ နည်းနည်းကွာတယ်။
ပိူစိတ်ချချင်ရင် Playstore မှာ gmail အသစ်နဲ့ အစက ပြန်ဒေါင်းပါ။ တစ်လ တစ်ခါလောက် လုပ်တာ ပိုကောင်းမယ်။ အဲတာ ဆို လူသစ်လို့ ဂူဂူ ထင်ပြီး ကြော်ငြာ တွေ မပြရသေးဘူး ထင်မယ်။ တစ်ခြား app တွေက ကြော်ငြာ ကြည့်ခဲ့တာပါ သူမသိတော့ဘူး။
ခု အန်းဒရိုက် ဖုန်းတွေ ကလစ် သက်တမ်းကြာလာလေ ခက်လာလေ။ ကလစ် app တွေသက်တမ်း ကြာလာလေ ကြော်ငြာ ခက်လာလေ ဘာကြောင့် ဆိုတာ နားလည် နိုင်မယ် ထင်ပါတယ်။
ကိုတွတ် (GZ Entertainment)
PRO ကလစ်ကာ လက်စွဲကျမ်း အပိုင်း-၃
ဂူဂူကို မေ့ဆေး ကျွေးခြင်း
- - - - - - - - -
အဆင့် ၁၊ ဖုန်း setting ကိုသွား။ Privacy ဆိုတာရှာပါ။ ဖုန်းပေါ် မူတည်ပြီး privacy and .... ဆိုပြီး နောက်မှာ တခုခု ပါတတ်တယ်။
ဖုန်းပေါ် မူတည်ပြီး google/advertising id / ad id/ device id/ Virtual ID တစ်ခုခုတွေ့ရင်
reset / regenerate / create new (ဖုန်းပေါ် မူတည်ပြီး) စာသား မတူ၊ နှိပ်လိုက်ပါ။ ဂူဂူကို မေ့ဆေး ကျွေးတာ အောင်မြင်ပါပြီ။
advertising id / ad id/ device id/ Virtual ID မတွေ့ရင် OS ဗားရှင်း နည်းနေလို့ လုပ်မရပါဖူး။ စိတ်မပျက်ပါနဲ့ အဆင့်-၃ ကိုသုံးပါ။
အဆင့် ၂၊ browser ကနေ google .com သွားပါ။
ဒါတွေ copy ပြီး ရှာပါ။ တခါကို တခုစီ ရှာပါ။
expansive watches
designer fashion
2023 best mobile games
electric cars
5 stars hotels in Tokyo (Tokyo နေရာ ကိုယ်သွားမယ့် မြို့ထည့်ပါ။)
best laptops
best android phones
best camera
အဆင့် ၃၊ ဒါက အမြဲလုပ်စရာ မလိုပါ၊ ၁လ ၁ ခါ လောက်ဖြစ်ဖြစ်၊ ၁ခါမှ မလုပ်ရသေးရင် ဖြစ်ဖြစ် လုပ်သင့်ပါတယ် ။ ဂိမ်းကို id မှတ်ပြီးဖျက်လိုက်ပါ။ play store ကို sign out ပြီး Gmail အကောင့် အသစ်နဲ့ play store ကို ပြန် ဝင်ပါ။ ပြန် install လုပ်လိုက်ပါ။
အဆင့် ၁ လုပ်တတ်သူတွေ video recording လေး ကွန်မန့် မှာ ပြပေးလို့ရပါတယ်
(အန်းဒရိုက် ဖုန်းများအတွက်သာ ဖြစ်ပါတယ်။ အိုင်ဖုန်းတွေက ဒီတိုင်း ဖျက်ပြီး ပြန်တင် လိုက်တာနဲ့ ရပါတယ်။)
Pro ကလစ်ကာ လက်စွဲကျမ်း အတွဲ-4
- - - - - - - - - - - -
ဒီတခါက အရမ်း အဆင့်မြင့် ကုန်ပြီ။ OMEGA level တွေရောက်ကုန်ပြီ။
အဲဒီတော့ လုပ်ချင်မှ လုပ်ပါ။
ဒါက စိတ်ဝင်စားသူ တချို့အတွက်ပါ။ ဒီဟာကို လုပ်နိုင်သူက 5 တွေ မိုးသီးလို ကြွေပြီ။
ကိုယ်ရဲ့ ပလေးစတိုးနဲ့ ချိတ်တဲ့ Gmail အကောင့် ကို ဝင်ထားပြီးရင် -
ဒီလင့် ဖွင့်ပါ။
https://myadcenter.google.com/?hl=en&ref=mac-hub&sasb=true
အပေါ်ဆုံးမှာ Personalized ads "On" ဖြစ်နေရပါမယ်။ (အရမ်း အရေးကြီး)
Add Topics for you မှာ + (အပေါင်း) လေးတွေ လိုက် နှိပ်ပါ။ သဘောက ဒီ အမျိုးအစား ကြော်ငြာတွေ ငါကြိုက်တယ်လို့ ဂူဂူကို ပြောတာ။
Brands for you + (အပေါင်း) လေးတွေ လိုက် နှိပ်ပါ။ သဘောက ဒီ ဘရန်းက ကြော်ငြာတွေ ငါကြိုက်တယ်လို့ ဂူဂူကို ပြောတာ။
Your recent ads မှာ ကိုယ့်ကို 5စတား၊ 4စတား ပေးခဲ့တဲ့ ကြော်ငြာတွေကို + (အပေါင်း) လေးတွေ လိုက် နှိပ်ပါ။ သဘောက ငါ ဒီ ဈေးကြီး ကြော်ငြာတွေ ငါကြိုက်တယ်လို့ ပြောတာ။ မမြင်ချင်တဲ့ ကိုယ်မုန်းတဲ့ ကြော်ငြာ ရှိခဲ့ရင် - (အနူတ်) ကို နှိပ်ပါ။ ဒါက ကြော်ငြာ အသစ်တွေ ကြည့်ပြီးတိုင်း ပြန်လာ တိုး ပြန်လာ လျှော့ ချင်ရတယ်။ တခြားဟာတွေကတော့ တစ်ခါ ပဲလုပ်စရာလိုပါတယ်။
sign in လုပ်ထားရဲ့နဲ့ recent ads (ကြည့်ဖူးပြီး ကြော်ငြာ) မပေါ်ရင် ဒါ ကိုယ်ကလစ်တဲ့ ဖုန်း gmail နဲ့၊ ပလေးစတိုး gmail လွဲနေပြီ။
မေ့ဆေး ပေးရင် ဒီကြည့်ပြီး ကြော်ငြာ စာရင်းပျောက်လား မပျောက် လား စမ်းပြီးတဲ့သူ မင်မင် ကို ပြန်ပြောပါ။
ဒီလင့် ကို ဆက်သွား
https://myadcenter.google.com/controls?hl=en
အသက်က 22 အနည်းဆုံးဖြစ်အောင် လုပ်ပါ ( အရမ်းအရေး ကြီး)။ တချို့ နိုင်ငံမှာ 21 မှ အသက်ပြည့်ပါတယ်။ အသက်မပြည့်ရင် ပြတဲ့ ကြော်ငြာ က အရမ်းနည်းပါတယ်။ ။ (50 အောက်ဖြစ်အောင်လဲ လုပ်သင့်ပါတယ် ( အရေး မကြီး))
language မှာ များများ ထည့်ပါ။ Japan, Korea စတာ နဲ့ ကိုယ်သွားနေကျ နိုင်ငံတွေ။ စပိန်၊ အီတလီ၊ ပြင်သစ် စတာတွေ ထည့်ပါ။ (အရေး မကြီး)
အောက်က box တွေ အားလုံး On နေရပါမယ်။
Education၊ Industry, Income၊ Employer Size စတာမှာ လုပ်တတ်ရင် လူအထင်ကြီးအောင် လျှောက်ရွေးပါ။ ဥပမာ မင်မင်ဆို High Income ရွေးတယ်။ Industry မှာလဲ Finance ရွေးတယ်။ Technology ရွေးလဲရတယ်။ သဘော က ဒီကောင် ဂူဂူ ကိုယ့်ကို အထင်ကြီးဖို့ပဲ။ (အရေး မကြီး)